လောင်းလှေရှည်ရှည်က
နဂါးတကောင်အသွင်အပြင်
ယှဉ်ပြိုင်ဘက်ကိုစိန်ခေါ်
လှော်ခတ်သူလှေထိုးသား
နဂါးလိုအားအင်နဲ့ ညာသံပေးစီစီညံ
မိုးယံထက်လျှံတက်
တနှစ်တခါ ဗိုလ်စွဲမှာမို့ 
အားသွန်လို့ ပန်းတိုင်ဆီတိုး..
ရိုးရာအစဉ်အလာနဲ့ နဂါးလှေလှော်ပြိုင်တဲ့ ..ပွဲ
လွဲခဲ့ရ နှစ်ဆယ့်သုံးကြိမ်...။
မိုးဦး ပွင့်ဖူးကြ မှိုများထဲ
ကျွဲအသည်းနဲ့ တူသောမှို
ကင်းမွန်းချဉ်ပျို ရောနှောညီ
သီဟိုသီးပါ တွဲဖက်
ငြိုပ်ထက်ထက်ရယ်နဲ့ 
ချဉ် ငန် စပ်သောက်စား(အချဉ်)ဟင်း၊
တနေပြင်းပြင်းလှန်း ငါးရံ့ ခြောက်ဖုတ်
မြေပဲဆီမဟုတ်တဟုတ်ဆမ်း
တမျိုးဆန်းနဲ့  တနင်္သာရီ ငပိသုတ်
ဒညင်းသီးပြုတ်တို့ စရာကို လွမ်းတယ်..
တဂူ ညောင်ပင်ကွင်းတို့ ဆုံစည်းရာ
ဒီမြစ်ညှာ ရွှေရီမြေ (တနင်္သာရီမြို့ ) ကိုလွမ်းတယ်..
နှစ် နှစ်ဆယ်ကျော် ဝေးကွာခဲ့ရ
ယမ်းငွေ့ ဝနေတဲ့ မြန်မာပြည်ကိုလွမ်းတယ်..။
ဂျီနီဗာမျော်လင့်အိပ်မက်တွေ ကျောပိုးထားရင်း
တော်လှန်ရေးအရပ်ရပ်နဲ့ ပေါင်းသင်း
နွမ်းပါးခြင်းအရိပ်ဆိုးအောက် လွတ်မြောက်ရဖို့ အရေး
ဒီချိန်အထိ သွေးနီနေဆဲပဲ...။
အမြောက်သံ ဗုံးသံတွေရပ်စဲ
အဆောက်အဦးတခုတည်းရဲ့ အောက်
ခြိမ်းချောက်ခြင်း အလျှင်းမပါ
ဖယ်ဒရယ် မူဝါဒသဘောတရား
ကျုပ်တို့ သွေးရင်းညီနောင်များတို့ 
ပြည်မြန်မာအနာဂတ်လှပဖို့  အရေး
နွေးထွေးစွာ ဆွေးနွေးကြပါစို့ ….။
အာရှတလွှား ရွှေဗမာ“ကျား” ဖြစ်ဖို့ အရေး
နှောက်နှေးခဲ့ရ နှစ်ပေါင်းများစွာ
ပွင့်လင်းလာ ဒီချိန်ခါအချိုးအကွေ့ 
လက်တွေ့ တွေ အကောင်အထည်ဖေါ်
တူပျော်ပျော် ညီညွှတ်လို့  တည်ဆောက်ချီတက်ကြပါစို့ …။
မင်းတာရာ
့မင်းတာရာ
Saturday, February 18, 2012
Wednesday, February 15, 2012
ဈေးခင်း

အာရုဏ်ဦး..အလင်းရောင်ပါပဲ
ဒုတိယမျက်လုံးကိုပွတ်သပ် အသေချာကြည့်လိုက်တော့
ညီရယ် အကိုရယ်မသိ တသိအချိန်လိုမျိုး
ကြည့်....
ရှုပ်ယှက်ကိုခတ် နေ
ပေသီးရိုက်သူတွေ
ဂဏန်းပေါင်းစက် ရိုက် တွက်ချက်နေကြသူတွေ
လက်ချိုးရေတွက်နေကြသူတွေ
ဝယ်ရင် ရောင်းမယ်ဆိုကြသူတွေ
ရောင်းရင် ဝယ်မယ်ဆိုကြသူတွေ
တူးမယ် ဆွမယ်ဆိုကြသူတွေ
ဖေါ်မယ် ထုတ်မယ်ဆိုကြသူတွေ
ငွေကို ငွေနဲ့ ဝယ်မယ်ဆိုကြသူတွေ
.....................မယ်ဆိုကြသူတွေ
....................မယ်ဆိုကြသူတွေ
ကျီးကန်းကိုယ်နဲ့  တက်တေတူးလိုအော်မြည်သူတွေ
ဂျင် ပေါ်လည်တဲ့ထုံးတွေလည်း ပါသပေါ့
မျော်လင့်ချက် မရှိသူ ဘယ်သူလဲ
ပုံစံတကျဖွင့်ထားတဲ့ ဒီဈေးခင်းထဲ???
ကဲ..သတိထားလျှက်
မနက်ဖြန်အာရုဏ်ဦးကို ဝယ်ကြစို့ ..။
Saturday, January 21, 2012
လှသူဇာ
ကမ္ဘာကြီးပျက်သွားလောက်အောင်
နာကျည်းချက်တွေကို
အော်ဟစ် ငိုကြွေးပြနေတာမဟုတ်ဖူး..လှသူဇာ ။
တကယ်မဟုတ်တဲ့ တကယ်တွေက
ငါ့ဘဝကို ကျားကွက်ရွေ့ နေကြတဲ့ကြား
မင်းရဲ့ တကိုယ်ရေရာသီအပြောင်းမှာ
ငါ့ဘဝ ရွက်ဟောင်းလေးဖြစ်လိုက်ရပေါ့..လှသူဇာ ။
လတလုံးရဲ့ အလင်းရောင်ကို
တိမ်မည်းမှောင်က ကွယ်ဝှက်နုတ်ယူသွားသလို
ငါ့ရင်ခွင်မှာ
မင်းမရှိတော့ အလင်းပျောက်မည်းမှောင်ရပေါ့.လှသူဇာ ။
အိပ်စက်ခြင်းကို
မင်းအကြောင်းတွေးရင်း မျက်လုံးထဲကဆွဲထုတ်
ငုတ်တုတ်ကြီး ငိုင်ငေးနေတဲ့ကိုယ့်ကို
ကြောင်တကောင်က ကြေင်တောင်တောင်နဲ့ 
ကြောင်ပြီးကြည့်နေရပေါ့..လှသူဇာ ။
ချစ်တတ်လွန်းသူကို
အရူးအမိုက်လို့  ဟားတိုက်ရီမောလိုက်စမ်းပါ. လှသူဇာ ။
ပျားရည်ပါးပါး လိမ်းချယ်ထားတဲ့ မင်းစကား
ဂျိုးကြာပျိုတေးသွားနဲ့  မှားယောင်ခဲ့
ထားပါ…ထားလိုက်ပါ....
ဗီဇအရ လှပမွှေးကြိုင်နေတဲ့ အဆိပ်ပန်း
ကိုယ်က ရူးမိုက်စွာစွဲလန်း
မက်မောစွာ ရှိုက်နမ်းမိလေတော့
ဘယ်သူမပြုမိမိအမှုပဲ လို့ 
ငယ်ငယ်က ဆရာရှေ့ 
ဆယ့်နှစ်အလီ အထပ်ထပ်ရွတ်အံသလိုမျိုးနဲ့ ပေါ့…လှသူဇာ ။
ကံဇာတ်ဆရာကို
မင်းနဲ့ မဝေးရဖို့ အကြေင်း
လာဒ်ကောင်းကောင်း ထိုးလိုက်ချင်ရဲ့  လှသူဇာ ။
ငါ့ရဲ့ ယောင်္ကျားမာနကြိုး
အက်စက်အပြင်းစား မင်းရဲ့ ငိုရှိုက်သံသဲ့သဲ့တိုးတိုးလေးအောက်
ဝုန်းကနဲပြတ်တောက်
နာကျင်ဝေတနာတွေနဲ့ မင်းရှေ့ မှောက်ဒူးထောက်
မျက်ရည်ဗုံးဒါဏ်ကြောင့်
ငါ့ခမျာ ကျရှုံးခဲ့ဖူးရဲ့ 
မင်း..မှတ်မိနေဦးမလား...လှသူဇာ ။
သေးငယ်မှုန်မွါး နျူးကလီးယားက
မြို့ တမြို့ ကို ပြာကျသွားစေသလို
မင်းရဲ့ အမုန်းနဲ့ စွန့် ခွါမှုတစုံတရာက
ကိုယ့် မျော်လင့်ချက်ကမ္ဘာကို ပြာကျစေတာပဲ.. လှသူဇာ ။
စိတ္တဇတွေက ဥဒ္ဒစ္စလို ပြန့် လွှင့်တယ်
သက်တန့် ရောင် မင်းရဲ့ အသံ
အာဒမ်နှင့်ဧဝ တို့ ထက်တို့ ပိုချစ်ကြမယ် ကတိစကား
ကိုယ့်နားစည်နံရံမှာ ပဲ့တင်စွဲကျန်နေဆဲပဲ.. လှသူဇာ ။
ကိုယ့်ကို လမ်းခွဲသွားတဲ့ ပျော်ရွှင်းခြင်းကို
တမ်းတကြေကွဲရင်း
မင်းနဲ့ အတူဘယ်တော့ပြန်လာမလဲရယ်နဲ့ ပေါ့..လှသူဇာ ။
ကံကောင်းခြင်းတံခါးခေါက်တဲ့ လက်
ဘယ့်အချက်နဲ့  ငါ့အတွက်
တံခါးခေါက် ပျက်ကွက်နေရတာလဲကွယ်..။
မင်းတာရာ
ဝ၁-၁၈-၂၀၁၂
နာကျည်းချက်တွေကို
အော်ဟစ် ငိုကြွေးပြနေတာမဟုတ်ဖူး..လှသူဇာ ။
တကယ်မဟုတ်တဲ့ တကယ်တွေက
ငါ့ဘဝကို ကျားကွက်ရွေ့ နေကြတဲ့ကြား
မင်းရဲ့ တကိုယ်ရေရာသီအပြောင်းမှာ
ငါ့ဘဝ ရွက်ဟောင်းလေးဖြစ်လိုက်ရပေါ့..လှသူဇာ ။
လတလုံးရဲ့ အလင်းရောင်ကို
တိမ်မည်းမှောင်က ကွယ်ဝှက်နုတ်ယူသွားသလို
ငါ့ရင်ခွင်မှာ
မင်းမရှိတော့ အလင်းပျောက်မည်းမှောင်ရပေါ့.လှသူဇာ ။
အိပ်စက်ခြင်းကို
မင်းအကြောင်းတွေးရင်း မျက်လုံးထဲကဆွဲထုတ်
ငုတ်တုတ်ကြီး ငိုင်ငေးနေတဲ့ကိုယ့်ကို
ကြောင်တကောင်က ကြေင်တောင်တောင်နဲ့ 
ကြောင်ပြီးကြည့်နေရပေါ့..လှသူဇာ ။
ချစ်တတ်လွန်းသူကို
အရူးအမိုက်လို့  ဟားတိုက်ရီမောလိုက်စမ်းပါ. လှသူဇာ ။
ပျားရည်ပါးပါး လိမ်းချယ်ထားတဲ့ မင်းစကား
ဂျိုးကြာပျိုတေးသွားနဲ့  မှားယောင်ခဲ့
ထားပါ…ထားလိုက်ပါ....
ဗီဇအရ လှပမွှေးကြိုင်နေတဲ့ အဆိပ်ပန်း
ကိုယ်က ရူးမိုက်စွာစွဲလန်း
မက်မောစွာ ရှိုက်နမ်းမိလေတော့
ဘယ်သူမပြုမိမိအမှုပဲ လို့ 
ငယ်ငယ်က ဆရာရှေ့ 
ဆယ့်နှစ်အလီ အထပ်ထပ်ရွတ်အံသလိုမျိုးနဲ့ ပေါ့…လှသူဇာ ။
ကံဇာတ်ဆရာကို
မင်းနဲ့ မဝေးရဖို့ အကြေင်း
လာဒ်ကောင်းကောင်း ထိုးလိုက်ချင်ရဲ့  လှသူဇာ ။
ငါ့ရဲ့ ယောင်္ကျားမာနကြိုး
အက်စက်အပြင်းစား မင်းရဲ့ ငိုရှိုက်သံသဲ့သဲ့တိုးတိုးလေးအောက်
ဝုန်းကနဲပြတ်တောက်
နာကျင်ဝေတနာတွေနဲ့ မင်းရှေ့ မှောက်ဒူးထောက်
မျက်ရည်ဗုံးဒါဏ်ကြောင့်
ငါ့ခမျာ ကျရှုံးခဲ့ဖူးရဲ့ 
မင်း..မှတ်မိနေဦးမလား...လှသူဇာ ။
သေးငယ်မှုန်မွါး နျူးကလီးယားက
မြို့ တမြို့ ကို ပြာကျသွားစေသလို
မင်းရဲ့ အမုန်းနဲ့ စွန့် ခွါမှုတစုံတရာက
ကိုယ့် မျော်လင့်ချက်ကမ္ဘာကို ပြာကျစေတာပဲ.. လှသူဇာ ။
စိတ္တဇတွေက ဥဒ္ဒစ္စလို ပြန့် လွှင့်တယ်
သက်တန့် ရောင် မင်းရဲ့ အသံ
အာဒမ်နှင့်ဧဝ တို့ ထက်တို့ ပိုချစ်ကြမယ် ကတိစကား
ကိုယ့်နားစည်နံရံမှာ ပဲ့တင်စွဲကျန်နေဆဲပဲ.. လှသူဇာ ။
ကိုယ့်ကို လမ်းခွဲသွားတဲ့ ပျော်ရွှင်းခြင်းကို
တမ်းတကြေကွဲရင်း
မင်းနဲ့ အတူဘယ်တော့ပြန်လာမလဲရယ်နဲ့ ပေါ့..လှသူဇာ ။
ကံကောင်းခြင်းတံခါးခေါက်တဲ့ လက်
ဘယ့်အချက်နဲ့  ငါ့အတွက်
တံခါးခေါက် ပျက်ကွက်နေရတာလဲကွယ်..။
မင်းတာရာ
ဝ၁-၁၈-၂၀၁၂
Tuesday, January 17, 2012
ထောင်တံခါးဖွင့်မယ့် သော့
နှစ်သစ်ကူးသွားခဲ့လည်း
အဖြစ်အပျက်က ထူးခြားမလာခဲ့ ။
အကြောက် တရားတွေက
တော်တော်ခြောက်ခြားစေခဲ့
လွှတ်သင့်သော်လည်း
ကြောက်ကြောက်နဲ့  ချုပ်နှောင်ထားဆဲ။

အပြစ်မြူ တမှုန့် နှစ်မှုန့် ကို
အာဃာတနဲ့ အမုန်းတရားစုဖွဲ့ 
ရုန်းမထွက်နိုင်အောင် ချုပ်နှောင်ဖို့ အရေး
အလိမ်ဂ ဝုတ္တိတွေနဲ့ 
လက်တလုံးကို တဝက်ခြား
လိမ်ရေးကျွမ်းကျင်
လိမ်လမ်းစဉ် ထွင်သူတို
့ လိမ်နည်းတထောင်မက
လိမ်ပေါင်းဝ နည်းဗျူဟာရဲ
့ လှည့်စားမှုထောင်ချောက်အောက်
လုံလောက်တဲ့ သက်သေ ပြချက်ဘယ်လိုပေးပေး
မလွှတ်ရေးချာ မလွှတ်ပေးပါ။
ကိုယ့်လူရေ့ 
ပိုက်သဂိုရပ် တပြည့် /သားများရဲ့ 
ဘောဂဗေဒပေသီးရိုက်ချက်အောက်
စပ်ကူး မတ်ကူးမြန်မာပြည်
မြေစမ်းသလို ခရမ်းပျိုးဖို့ 
ဒေါ်လာ($) စိုက်ခင်းလေးဖြစ်နေရ ။
အကျဉ်းကျ တက္ကသိုလ်
ခွပ်ဒေါင်းပျိုတို့ 
အနာဂတ်တွန်သံချိုဖို့ အရေး
ကျောင်းနံရံတဝိုက်မှာ
ဒေါင်းအလံ ပြန်စိုက်လိုသူကြီးရေ့ ...
အာဏာယမ်းငွေ့ အောက်
ပြားပြားမှောက်နေရ မြန်မာပြည်
ကမ္ဘာ့စံချိန်မီ ဥပဒေဆိုတာ
လက်ဖျောက်တချက်အတွင်း
လွှင့်ပျောက်ခြင်းတွေနဲ့  ဖက်လှဲတသင်း..။

ကြည့်လေ
ကမ္ဘာ့မျော်လင့်ချက်တွေတောင်
သူတို့ ရဲ့  ရွေ့ ကွက်အောက်
နို့ ရည်ထဲ ရေဝင်ရောက်သလို
ကြက်ပျောက် ငှက်ပျောက်
လူပျောက်မှာတောင် စိုးကြောက်နေရ ။
မနက်ဖြန်ကလည်း
မျော်လင့်ချက်လက်ကျန် သိပ်မဟန်ပေဘူး
လာမည့် ဧပရယ်က လွမ်းရင်း မျော်လင့်စရာ
လာဦးမည့် ငါးနှစ်မှာရော လွမ်းမော စရာမဖြစ်ဖို့ အရေး
စိမ်းလန်း စိုပြေလာတဲ့ သံရေး တမန်ရေးကြား
တို့ ခေါင်းဆောင်များ
တိုင်းပြည်ကောင်းကျိုး ဘယ်လို တိုးပွါးစေမလဲ
ပံ့ပိုးလို့  စောင့်စား
မောရသုတ် ရွတ်ပွါးရင်းနဲ့ ပေါ့...။
(နိုင်ငံအရေး အကျဉ်းသားများ အမြန်လွှတ်မြောက်ပါစေ)
ဇွန်နဝါရီလ ၉ ရက်နေ့ ကရေးဖွဲ့ ခဲ့တဲ့ ဆုတောင်းခြင်း ကဗျာတစ်ပုဒ် ဟစ်တိုင်ကပြန်ယူလာခဲ့တာပါ
အဖြစ်အပျက်က ထူးခြားမလာခဲ့ ။
အကြောက် တရားတွေက
တော်တော်ခြောက်ခြားစေခဲ့
လွှတ်သင့်သော်လည်း
ကြောက်ကြောက်နဲ့  ချုပ်နှောင်ထားဆဲ။

အပြစ်မြူ တမှုန့် နှစ်မှုန့် ကို
အာဃာတနဲ့ အမုန်းတရားစုဖွဲ့ 
ရုန်းမထွက်နိုင်အောင် ချုပ်နှောင်ဖို့ အရေး
အလိမ်ဂ ဝုတ္တိတွေနဲ့ 
လက်တလုံးကို တဝက်ခြား
လိမ်ရေးကျွမ်းကျင်
လိမ်လမ်းစဉ် ထွင်သူတို
့ လိမ်နည်းတထောင်မက
လိမ်ပေါင်းဝ နည်းဗျူဟာရဲ
့ လှည့်စားမှုထောင်ချောက်အောက်
လုံလောက်တဲ့ သက်သေ ပြချက်ဘယ်လိုပေးပေး
မလွှတ်ရေးချာ မလွှတ်ပေးပါ။
ကိုယ့်လူရေ့ 
ပိုက်သဂိုရပ် တပြည့် /သားများရဲ့ 
ဘောဂဗေဒပေသီးရိုက်ချက်အောက်
စပ်ကူး မတ်ကူးမြန်မာပြည်
မြေစမ်းသလို ခရမ်းပျိုးဖို့ 
ဒေါ်လာ($) စိုက်ခင်းလေးဖြစ်နေရ ။
အကျဉ်းကျ တက္ကသိုလ်
ခွပ်ဒေါင်းပျိုတို့ 
အနာဂတ်တွန်သံချိုဖို့ အရေး
ကျောင်းနံရံတဝိုက်မှာ
ဒေါင်းအလံ ပြန်စိုက်လိုသူကြီးရေ့ ...
အာဏာယမ်းငွေ့ အောက်
ပြားပြားမှောက်နေရ မြန်မာပြည်
ကမ္ဘာ့စံချိန်မီ ဥပဒေဆိုတာ
လက်ဖျောက်တချက်အတွင်း
လွှင့်ပျောက်ခြင်းတွေနဲ့  ဖက်လှဲတသင်း..။

ကြည့်လေ
ကမ္ဘာ့မျော်လင့်ချက်တွေတောင်
သူတို့ ရဲ့  ရွေ့ ကွက်အောက်
နို့ ရည်ထဲ ရေဝင်ရောက်သလို
ကြက်ပျောက် ငှက်ပျောက်
လူပျောက်မှာတောင် စိုးကြောက်နေရ ။
မနက်ဖြန်ကလည်း
မျော်လင့်ချက်လက်ကျန် သိပ်မဟန်ပေဘူး
လာမည့် ဧပရယ်က လွမ်းရင်း မျော်လင့်စရာ
လာဦးမည့် ငါးနှစ်မှာရော လွမ်းမော စရာမဖြစ်ဖို့ အရေး
စိမ်းလန်း စိုပြေလာတဲ့ သံရေး တမန်ရေးကြား
တို့ ခေါင်းဆောင်များ
တိုင်းပြည်ကောင်းကျိုး ဘယ်လို တိုးပွါးစေမလဲ
ပံ့ပိုးလို့  စောင့်စား
မောရသုတ် ရွတ်ပွါးရင်းနဲ့ ပေါ့...။
(နိုင်ငံအရေး အကျဉ်းသားများ အမြန်လွှတ်မြောက်ပါစေ)
ဇွန်နဝါရီလ ၉ ရက်နေ့ ကရေးဖွဲ့ ခဲ့တဲ့ ဆုတောင်းခြင်း ကဗျာတစ်ပုဒ် ဟစ်တိုင်ကပြန်ယူလာခဲ့တာပါ
Monday, January 16, 2012
ငြိမ်းချမ်းရေးအတွက် တွဲယှက်လက်များ
ငြိမ်းချမ်းရေးအတွက် တွဲယှက်လက်များ
မနုသတ္တဒုလ္လဘကို
အမေ့အသွေး အသားတွေနဲ့  ရစ်ပတ်
မြင့်မြတ်တဲ့ ဗြဟ္မာစိုရ်တရားတွေပြွတ်သိပ် ချည်နှောင်
သေမင်းကောင်ကို အသက်နဲ့ ရင်းပြီး စစ်ခင်း
အလင်းအမှောင်ကို ပဲ့ကိုင်ပေးရင်း
ရောင်စုံပန်းခင်း ထဲ လမ်းလျှောက်ခွင့်ပေးခဲ့တဲ့ ..မေမေ
ကျေးဇူး ကုဋေကုဋာ..ပါ ။
သတ်မှတ်ချက်မျဉ်းကြောင်း အပေါ်
မာရသွန်ပျော်ပါး ပြေးလွှားနေတဲ့
သူ့ ကိုယ်သူတောင် သူမပိုင်တဲ့ အချိန်ကာလထဲ
အကောင်းဆုံးလုပ်ဆောင်ချက်တွေချန်သွား
မနုသတ္တဒုလ္လဘကို
အမေ့အသွေး အသားတွေနဲ့  ရစ်ပတ်
မြင့်မြတ်တဲ့ ဗြဟ္မာစိုရ်တရားတွေပြွတ်သိပ် ချည်နှောင်
သေမင်းကောင်ကို အသက်နဲ့ ရင်းပြီး စစ်ခင်း
အလင်းအမှောင်ကို ပဲ့ကိုင်ပေးရင်း
ရောင်စုံပန်းခင်း ထဲ လမ်းလျှောက်ခွင့်ပေးခဲ့တဲ့ ..မေမေ
ကျေးဇူး ကုဋေကုဋာ..ပါ ။
သတ်မှတ်ချက်မျဉ်းကြောင်း အပေါ်
မာရသွန်ပျော်ပါး ပြေးလွှားနေတဲ့
သူ့ ကိုယ်သူတောင် သူမပိုင်တဲ့ အချိန်ကာလထဲ
အကောင်းဆုံးလုပ်ဆောင်ချက်တွေချန်သွား
လူသားဆိုတာ အတွေးနိုင်ဆုံး သတ္တဝါ
လာခြင်းကောင်းသလို ပြန်ခြင်းကောင်းဖို့ အရေးပေါ့..။
အောက်စီဂျင် လိုအပ်တဲ့သတ္တဝါတွေရဲ့ အသက်ရှူမှုမှာ
ယမ်းငွေ့ တွေသာ လှိုင်လှိုင်ရှူနေရ
နည်းပညာထွန်းကားတဲ့ အိုင်တီ(IT)ခေတ်
အတ္တနဲ့ စိုက်ပျိုးထားတဲ့ ဒီစစ်ပွဲ
ရပ်စဲဖို့  ခက်ခဲနေဆဲပဲ….။
လာမထိနဲ့  ညာညှိပြစ်လိုက်ဖို့  ပြင်ဆင်
နျူးကလီးယား ထွင်ကြလို့ 
ကျတော်တို့ ရော
လူကို လူချင်းသတ်
ကမ္ဘာကြီးကို စုတ်ပြတ်စေဦးမှာလား..။
အပြာရောင် ရီနေးဆန့်  က
ကမ္ဘာကြီးရဲ့ ဖက်ရှင်
သတ္တဝါအချင်းချင်း စာနာရင်
သာဘာဝအလှတရား သာယာစေချင်ရင်
စစ်ပွဲတွေကိုမုန်း အဆုံးသတ်
သူငယ်ချင်းလည်း တတ်အားသရွေ့ 
ကမ္ဘာကြီးကို ငြိမ်းချမ်းရေးဆီရွေ့ ကြစို့ …။
တိုင်းရင်းသားများနဲ့  လက်ရှိအစိုးရ တို့ နွေးထွေးရင်းနီးစွာဖြင့် ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက်
ဆွေးနွေးမှုများအပေါ် ကြိုဆိုထောက်ခံလျှက်..
မောက္ခပညာရေးမဂ္ဂဇင်း ဆီကပြန်ယူလာခဲ့တာ၊ ဒီကသူငယ်ချင်းများ ဖတ်ပြီးဝေဖန်လို့ ရအောင်ပါ။

မင်းတာရာ
ဝ၁-၁၄-၂ဝ၁၂
လာခြင်းကောင်းသလို ပြန်ခြင်းကောင်းဖို့ အရေးပေါ့..။
အောက်စီဂျင် လိုအပ်တဲ့သတ္တဝါတွေရဲ့ အသက်ရှူမှုမှာ
ယမ်းငွေ့ တွေသာ လှိုင်လှိုင်ရှူနေရ
နည်းပညာထွန်းကားတဲ့ အိုင်တီ(IT)ခေတ်
အတ္တနဲ့ စိုက်ပျိုးထားတဲ့ ဒီစစ်ပွဲ
ရပ်စဲဖို့  ခက်ခဲနေဆဲပဲ….။
လာမထိနဲ့  ညာညှိပြစ်လိုက်ဖို့  ပြင်ဆင်
နျူးကလီးယား ထွင်ကြလို့ 
ကျတော်တို့ ရော
လူကို လူချင်းသတ်
ကမ္ဘာကြီးကို စုတ်ပြတ်စေဦးမှာလား..။
အပြာရောင် ရီနေးဆန့်  က
ကမ္ဘာကြီးရဲ့ ဖက်ရှင်
သတ္တဝါအချင်းချင်း စာနာရင်
သာဘာဝအလှတရား သာယာစေချင်ရင်
စစ်ပွဲတွေကိုမုန်း အဆုံးသတ်
သူငယ်ချင်းလည်း တတ်အားသရွေ့ 
ကမ္ဘာကြီးကို ငြိမ်းချမ်းရေးဆီရွေ့ ကြစို့ …။
တိုင်းရင်းသားများနဲ့  လက်ရှိအစိုးရ တို့ နွေးထွေးရင်းနီးစွာဖြင့် ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွ
ဆွေးနွေးမှုများအပေါ် ကြိုဆိုထောက်ခံလျှက်..
မောက္ခပညာရေးမဂ္ဂဇင်း ဆီကပြန်ယူလာခဲ့တာ၊ ဒီကသူငယ်ချင်းများ ဖတ်ပြီးဝေဖန်လို့ ရအောင်ပါ။

မင်းတာရာ
ဝ၁-၁၄-၂ဝ၁၂
Sunday, October 30, 2011
ပန်းနီတပွင့် ကြွေလွှင့်ခြင်း
အစဉ်ထာဝရမဟုတ်
သင်္ခါရတလှုပ်လှုပ်နဲ့  ပုတ်တဲ့ကိုယ်ခန္ဓာ
တစ်စက္ကန့် ခြင်းမှာ
တရွေ့ ရွေ့ ခြင်း ကိုက်ဖဲ့စားသောက်ခံနေရလည်း
ဇမ္ဗူ တခွင် ငါ.သာလျှင်
ဟစ်ကြွေးချင်တဲ့ ၀ဿီ
ပြည်သူနဲ့ အထာမကြည်ခဲ့လေတော့
လောကအပြင်ရောက်ရပြီပေါ့..။
ကဒါဖီ…ကဒါဖီ
ကမ္ဘာတည်သရွေ့ လုံခြုံမယ့်အထင်
ဟို. ဒီတခွင် ပုန်းရှောင်ချင်လည်း
အိုင် တီခေတ်ရဲ့ ကမ္ဘာကြီး ကျဉ်းပြီးပြားနေပြီဆိုတဲ့အကြောင်း
သင်္ခါရတလှုပ်လှုပ်နဲ့  ပုတ်တဲ့ကိုယ်ခန္ဓာ
တစ်စက္ကန့် ခြင်းမှာ
တရွေ့ ရွေ့ ခြင်း ကိုက်ဖဲ့စားသောက်ခံနေရလည်း
ဇမ္ဗူ တခွင် ငါ.သာလျှင်
ဟစ်ကြွေးချင်တဲ့ ၀ဿီ
ပြည်သူနဲ့ အထာမကြည်ခဲ့လေတော့
လောကအပြင်ရောက်ရပြီပေါ့..။
ကဒါဖီ…ကဒါဖီ
ကမ္ဘာတည်သရွေ့ လုံခြုံမယ့်အထင်
ဟို. ဒီတခွင် ပုန်းရှောင်ချင်လည်း
အိုင် တီခေတ်ရဲ့ ကမ္ဘာကြီး ကျဉ်းပြီးပြားနေပြီဆိုတဲ့အကြောင်း
ရင်ဘတ်ဟောင်းလောင်းနဲ့ လဲလှည်လိုက်ရ.။
ဘုရားဟော ဥပက္ခာတရားနဲ့ 
သြော်..ဖြစ်မှာဖြစ်ရတယ်ရယ်..လို့ 
ဂရုဏာတရား သူ့ အပေါ်မှာထားဖို့ က
ကိုယ့်လူမျိုးအပေါ် ကိုယ်ရမ်းကားခဲ့
ပြည်သူကိုငဲ့ကွက် သနား
မေတ္တာ စေတနာနည်းနည်းလေးမှ ဖဲ့မဝေခဲ့သူမို့ 
အမျှ..အတန်းပေးဝေဖို့  ခက်ခက်ခဲ..။
ဟစ်တလာ မှ မာ့ကို့ 
အာဏာရှင်တို့ ရဲ့  ကျဆုံးခန်း
ရောင်းဗန်းမလှတဲ့ မီးလောင်ပန်းလို
စွန့် ပစ်ခံ သမိုင်းအမှိုက်ပုံးထဲ
စွန့် ပစ်မြဲ စွန့် ပြစ်ခဲ့ကြ
အော်….
အနိစ္စ..ဒုက္ခ..အနတ္တ.ပါကလား....။ ။
မင်းတာရာ
၁၀-၂၀-၂၀၁၁
ဘုရားဟော ဥပက္ခာတရားနဲ့ 
သြော်..ဖြစ်မှာဖြစ်ရတယ်ရယ်..လို့ 
ဂရုဏာတရား သူ့ အပေါ်မှာထားဖို့ က
ကိုယ့်လူမျိုးအပေါ် ကိုယ်ရမ်းကားခဲ့
ပြည်သူကိုငဲ့ကွက် သနား
မေတ္တာ စေတနာနည်းနည်းလေးမှ ဖဲ့မဝေခဲ့သူမို့ 
အမျှ..အတန်းပေးဝေဖို့  ခက်ခက်ခဲ..။
ဟစ်တလာ မှ မာ့ကို့ 
အာဏာရှင်တို့ ရဲ့  ကျဆုံးခန်း
ရောင်းဗန်းမလှတဲ့ မီးလောင်ပန်းလို
စွန့် ပစ်ခံ သမိုင်းအမှိုက်ပုံးထဲ
စွန့် ပစ်မြဲ စွန့် ပြစ်ခဲ့ကြ
အော်….
အနိစ္စ..ဒုက္ခ..အနတ္တ.ပါကလား....။
မင်းတာရာ
၁၀-၂၀-၂၀၁၁
Wednesday, October 26, 2011
“မိုင်ထောင်”ချီလည်း “အောင်စည်” မြည်ရမယ်
လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်
ဖွါးဖက်တော်ဖြစ်ခဲ့ရ မြန်မာပြည်
ဗုံးသံ အမြောက်သံ မြည်ဟီး
တရုပ်ပြည်ကြီး နှစ်သစ်ကူးနေသလိုပုံ..။
ရှေ့ မျော်-အနောက်ချီ
ရာစုသစ်တွေဆီ
အလုအယက် ထွင်းထုချီတက်
မြန်မာနိုင်ငံဟာ မဟာဗျူဟာဖြစ်ခဲ့ရ.။
ပင်လယ်ဝေနေတဲ့ ဒုက္ခစုံကြား
ငါတို့ များမှာတော့
မျက်ရည်မျက်မိုး ဖြိုင်ဖြိုင်ဖြိုးရ
မလှပတဲ့ ငါတို့ ကြမ္မာ
ဟိုးမှာ….အာရပ်နွေဦးတွေတောင်
အသီးအပွင့်တွေ ထိုးထိုးထောင်ထောင်နဲ့ ..။
တူနီးရှားနဲ့ အကြောက်တရား
ဆိုးရွားလှတဲ့ အာဏာရှင်အုပ်ချုပ်ရေးကိုချန်ထား
ရည်ရွယ်ရာ လူ့ ဘောင်သစ်
ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ်ဆီ
အားမာန်သစ်တွေနဲ့ လှမ်းချီလို့ 
စစ်မှန်တဲ့ရွေးကောက် အောင်ပွဲတွေနဲ့ …။
ငါတို့ ဆီများမှာ
ဝန်းကျင်ရဲ့ ပြောစကား
တွန်းအားများအကြားမှာ
ငြိမ်းချမ်းရေးတံခါး ပါးပါးလေး
နောက်ချန်အတွေး ရှေ့ မျော်အရေးတွေနဲ့ ဖွင့်ခဲ့။
သံယောဇဉ်နဲ့ ငြိမ်းချမ်းဖို့ အကြောင်း
ဗြောင်းဆန်အောင်တောင်းပန်ခဲ့ဖူးလည်း
မောင်းပြန်တွေနဲ့ သာ
ဆန်ကောကို ဆန်ကာတွေဖြစ်စေခဲ့
အထောမသတ် အသက်တွေဖျက်ချွေခဲ့ပြီးမှ
မောင့်ကြက်သရေနဲ့ သူကောင်းဟန်ဆောင်မှုကို
ရင်ထဲ အသဲထဲ လှိုက်လှိုက်လှဲလှဲ
ဘယ်လိုကြည်ဖြူရပါ့မလဲ..။
ငါတို့ ဘ၀အထွေထွေ
အကြောက်တရားတွေ သွန်းလောင်းခံရများလာတော့
ခြောက်ခြားရင်း အကြောက်တရားတွေပျောက်
ရေပူစမ်းအိုင်ထဲကငါးဘ၀ကို ရောက်ရသလို
အားအင်ပြည့်ဖြိုး ရဲစိတ်ရဲမာန်တိုးရင်း
ပန်းတိုင်ဆီ ကူးခတ်..ကူးခတ်ရင်း ..ကူခတ်….။
အမှန်တရားဆိုတာ
နောက်ကျတတ်ပေမယ့်
သမိုင်းနဲ့ အတူ
သေချာပေါက် ပန်းဝင်မယ့်သူ မာရသွန်အပြေးသမား..။
သမိုင်းဆိုတာ
လူထုဘ၀သားအိမ်ထဲက ရင်သွေး..။
မင်းတာရာ
၁၀-၂၅-၂၀၁၁
ဖွါးဖက်တော်ဖြစ်ခဲ့ရ မြန်မာပြည်
ဗုံးသံ အမြောက်သံ မြည်ဟီး
တရုပ်ပြည်ကြီး နှစ်သစ်ကူးနေသလိုပုံ..။
ရှေ့ မျော်-အနောက်ချီ
ရာစုသစ်တွေဆီ
အလုအယက် ထွင်းထုချီတက်
မြန်မာနိုင်ငံဟာ မဟာဗျူဟာဖြစ်ခဲ့ရ.။
ပင်လယ်ဝေနေတဲ့ ဒုက္ခစုံကြား
ငါတို့ များမှာတော့
မျက်ရည်မျက်မိုး ဖြိုင်ဖြိုင်ဖြိုးရ
မလှပတဲ့ ငါတို့ ကြမ္မာ
ဟိုးမှာ….အာရပ်နွေဦးတွေတောင်
အသီးအပွင့်တွေ ထိုးထိုးထောင်ထောင်နဲ့ ..။
တူနီးရှားနဲ့ အကြောက်တရား
ဆိုးရွားလှတဲ့ အာဏာရှင်အုပ်ချုပ်ရေးကိုချန်ထား
ရည်ရွယ်ရာ လူ့ ဘောင်သစ်
ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ်ဆီ
အားမာန်သစ်တွေနဲ့ လှမ်းချီလို့ 
စစ်မှန်တဲ့ရွေးကောက် အောင်ပွဲတွေနဲ့ …။
ငါတို့ ဆီများမှာ
ဝန်းကျင်ရဲ့ ပြောစကား
တွန်းအားများအကြားမှာ
ငြိမ်းချမ်းရေးတံခါး ပါးပါးလေး
နောက်ချန်အတွေး ရှေ့ မျော်အရေးတွေနဲ့ ဖွင့်ခဲ့။
သံယောဇဉ်နဲ့ ငြိမ်းချမ်းဖို့ အကြောင်း
ဗြောင်းဆန်အောင်တောင်းပန်ခဲ့ဖူး
မောင်းပြန်တွေနဲ့ သာ
ဆန်ကောကို ဆန်ကာတွေဖြစ်စေခဲ့
အထောမသတ် အသက်တွေဖျက်ချွေခဲ့ပြီးမှ
မောင့်ကြက်သရေနဲ့ သူကောင်းဟန်ဆောင်မှုကို
ရင်ထဲ အသဲထဲ လှိုက်လှိုက်လှဲလှဲ
ဘယ်လိုကြည်ဖြူရပါ့မလဲ..။
ငါတို့ ဘ၀အထွေထွေ
အကြောက်တရားတွေ သွန်းလောင်းခံရများလာတော့
ခြောက်ခြားရင်း အကြောက်တရားတွေပျောက်
ရေပူစမ်းအိုင်ထဲကငါးဘ၀ကို ရောက်ရသလို
အားအင်ပြည့်ဖြိုး ရဲစိတ်ရဲမာန်တိုးရင်း
ပန်းတိုင်ဆီ ကူးခတ်..ကူးခတ်ရင်း ..ကူခတ်….။
အမှန်တရားဆိုတာ
နောက်ကျတတ်ပေမယ့်
သမိုင်းနဲ့ အတူ
သေချာပေါက် ပန်းဝင်မယ့်သူ မာရသွန်အပြေးသမား..။
သမိုင်းဆိုတာ
လူထုဘ၀သားအိမ်ထဲက ရင်သွေး..။
မင်းတာရာ
၁၀-၂၅-၂၀၁၁
အတုန့် အလှည့်က နုတ်ဆက်ပြီးထွက်သွားလည်း ၀ဋ်ကြမ္မာက မင်းနောက်မှာ
မေမေရေ…..
နွေတွေက တနွေပြီး တနွေ
ဆောင်းတွေက တဆောင်းပြီး တဆောင်း
သားတို့ ကိုမစောင့်ဖူး
သူတို့ ပြောင်းပြောင်းသွားကြ
မေ့မေ့ဗြဟ္မာစိုရ့် ရင်ခွင်နဲ့  ဝေးကွာခဲ့ရ
နှစ်ဆယ့်နှစ်နှစ်တောင် မကတော့ဘူး မေမေရယ်..။
မေမေက အညတြ
သားတို့ ဘ၀တွေက မလှမပနဲ့ ။
သားတို့ ကို အနိုင်ကျင့်
ဟိုလူညစ်တွေပေါ့ မေမေ
သက္ကယဒိဌိတွေ ထိပ်မှာထား
လေးပါးသစ္စာကလွဲလို့ 
မှန်ခဲ့ဖူးတယ်ဆိုတာပဲရှိတဲ့ လောကထဲ
သူတို့ ပဲ အမြဲမှန်ချင်နေကြ
ခက်ပါ့..မေမေရယ်...။
သူတို့ ပေါ့ မေမေ
ကြောင်တကောင်ကို ကြောင်လိုခြောင်းတယ်
မြွေတကောင်ရဲ့ ခြေတွေ ရေတွက်နိုင်သလိုဟန်မျိုးနဲ့ 
ကျားတကောင်ကို ကျားလိုခုန်အုတ်လိုက်တော့
ခုန်အုတ်မိတဲ့ကျားက
အာရှတလွှားမှာ ဧရာမကျား
ဥရောပကျားကိုတောင် ယှင်ကိုက်မဲ့ကျား...မေမေ..။
အကျိုးအဆက်တွေ တိုးမြင့်ပုံက
အတူး အဆွခံ
ကျောက်ခေတ် လက်ကျန်ဥပဒေတွေ
ဧရာဝတီမြစ်ရေနဲ့ အတူ
မေမေရယ်…..
ကျေးရွာ မြို့ ပြတွေဆီ
တ၀ုန်းဝုန်း တသွင်သွင်စီးဆင်းနေကြ..။
သတိလက်လွတ် လို့ 
ကျီးကန်းတွေ အတောင်မကျွတ်ကြလည်း
သားတို့  ငမွဲတွေမှာ
ကျွဲနှစ်ကောင် ခတ်တဲ့ကြား
မြေဇာပင်အလား ပြားပြီးရင်းပြားပေါ့.မေမေ..။
မင်းတာရာ
၁၀-၁၀-၂၀၁၁
နွေတွေက တနွေပြီး တနွေ
ဆောင်းတွေက တဆောင်းပြီး တဆောင်း
သားတို့ ကိုမစောင့်ဖူး
သူတို့ ပြောင်းပြောင်းသွားကြ
မေ့မေ့ဗြဟ္မာစိုရ့် ရင်ခွင်နဲ့  ဝေးကွာခဲ့ရ
နှစ်ဆယ့်နှစ်နှစ်တောင် မကတော့ဘူး မေမေရယ်..။
မေမေက အညတြ
သားတို့ ဘ၀တွေက မလှမပနဲ့ ။
သားတို့ ကို အနိုင်ကျင့်
ဟိုလူညစ်တွေပေါ့ မေမေ
သက္ကယဒိဌိတွေ ထိပ်မှာထား
လေးပါးသစ္စာကလွဲလို့ 
မှန်ခဲ့ဖူးတယ်ဆိုတာပဲရှိတဲ့ လောကထဲ
သူတို့ ပဲ အမြဲမှန်ချင်နေကြ
ခက်ပါ့..မေမေရယ်...။
သူတို့ ပေါ့ မေမေ
ကြောင်တကောင်ကို ကြောင်လိုခြောင်းတယ်
မြွေတကောင်ရဲ့ ခြေတွေ ရေတွက်နိုင်သလိုဟန်မျိုးနဲ့ 
ကျားတကောင်ကို ကျားလိုခုန်အုတ်လိုက်တော့
ခုန်အုတ်မိတဲ့ကျားက
အာရှတလွှားမှာ ဧရာမကျား
ဥရောပကျားကိုတောင် ယှင်ကိုက်မဲ့ကျား...မေမေ..။
အကျိုးအဆက်တွေ တိုးမြင့်ပုံက
အတူး အဆွခံ
ကျောက်ခေတ် လက်ကျန်ဥပဒေတွေ
ဧရာဝတီမြစ်ရေနဲ့ အတူ
မေမေရယ်…..
ကျေးရွာ မြို့ ပြတွေဆီ
တ၀ုန်းဝုန်း တသွင်သွင်စီးဆင်းနေကြ..။
သတိလက်လွတ် လို့ 
ကျီးကန်းတွေ အတောင်မကျွတ်ကြလည်း
သားတို့  ငမွဲတွေမှာ
ကျွဲနှစ်ကောင် ခတ်တဲ့ကြား
မြေဇာပင်အလား ပြားပြီးရင်းပြားပေါ့.မေမေ..။
မင်းတာရာ
၁၀-၁၀-၂၀၁၁
Thursday, October 20, 2011
- ငှက်တစ်သောင်းအတွက် သစ်ကောင်းတစ်ပင်

အကြောက်တရားတွေနဲ့  ခြောက်ခြားစေခဲ့လည်း
အမေ့သတ္တိသွေးက ကျောက်သားလိုမာကျော
ခြောက်ခြားစရာတွေ ရေမျောစေခဲ့။
ကျောက်သားလိုနှလုံးသားမာကျောသူ ဒေါသူပုန်တွေကို
အမေ့ဥပက္ခာရောစွက် မေတ္တာရေစင်လက်နက်နဲ့ 
ပျော့ပျောင်း နူးညံ့ အေးမြစေခဲ့။
တိမ်မိုက်မှောင်ဖုံး အလင်းသုန်းခမ်း စမ်းတ၀ါးဝါးဘ၀တွေကို
အမေ့ဗြဟ္မာစိုရ်အလင်းရောင်ခြည်နဲ့ 
လင်းရှင်း ကြည်လင် ဖြောင့်တန်းစေခဲ့။
စိတ်ထောင်းလို့ ကိုယ်ကြေ နွမ်းလျှလျှ ပျော့ခွေသူတွေကိုလည်း
အမေ့ဂရုဏာအပြုံး မေတ္တာဖုံးအားဆေးတွေနဲ့ 
သွေးသားအရိုး ခွန်အားတိုးစေ သာစေ မာစေခဲ့။ -
အဲဒီအမေကိုပေါ့....
ပထမရဲ့ ပထမ
Oxi Day Foundation က
ပေးအပ်ဂုဏ်ပြု
ကမ္ဘာ့သတ္တိရှင်(Battle of Crete) ဆုကို
အမေစု(ဒေါ်အောင်ဆန်းစုကြည်) အားချီးမြှင့်ခဲ့...။
Friday, September 30, 2011
သို့ ...မေမေ
ကြားတယ် မေမေ
သား..ကြားပါတယ်..မေမေ
နှစ်ထောင့်ရှစ်အသားနဲ့ 
ဆွဲ ကျယ်ဥပဒေအရုပ်ကို
အောင်နိုင်သူပန်းအလံလုပ် ဝှေ့ ရမ်း
ထောင်နံရံအထူးအဆန်း ငရဲခန်းက
သေမင်းခေါ်သံ..
ကြားတယ်..မေမေ
သား.ကြားပါတယ်..မေမေ..။
အမေ
ဒါ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်တာ
သားမှာက တိုင်းပြည်ကိုချစ်တာကလွဲလို့ 
လာဒ်ထိုးအပြစ်ရှောင်ဖို့ 
အဆောင်အယောင်နဲ့ ဥစ္စာဓန
နွမ်းပါးလှတဲ့ ကျောမွဲဘဝ
တိုင်းတပါးကိုတောင် ဒုက္ခသည်အဖြစ်နဲ့ ရောက်ရ
သူတို့ က
ကျောမချခင်ကတည်းက
ဒါးပြ မှန်း အတွေ့ အကြုံအရ သားတို့ သိခဲ့ရပြီးပါ အမေ…။
မေမေရယ်…
မေ့မေ့ကို လွမ်းလို့ ကျခဲ့ရ သားမျက်ရည်
ဧရာဝတီရေလို ခန်းပါစေတော့
သားနောက်တကျော့ ခါးကော့ ခေါင်းကွဲ
အသားရောင်မွဲပြာ ဖျော့တော့တော့ကျန်ရ
သမိုင်းထဲက အိုက်ခမန်းငရဲခန်းလိုမျိုးထဲ
တစ်ခါမက သေဖူးပြီး မို့ 
ပျဉ်ဖိုးတွက်ဖို့ တော့ ခွင့်ပြုပါ..မေမေ..။
လှမ်းကြည့်လိုက်စမ်း မေမေရယ်….
အသွေးအသက်နဲ့ ရင်းပြီး ယုံရအောင်က
ဟိုး….သုံးရိုးမနဲ့ 
တိုင်းရင်းသားနယ်မြေ ကျေးရွာတွေကို
ထိုးစစ်ကလည်း တိုးမြှင့်နေဆဲ ။
နှစ်ထောင်(၂၀၀၀) ကျော်
နိုင်ငံရေးအကျဉ်းတွေဘဝ
သတင်းစကားတောင် မေးဖို့ ခက်ခက်ခဲ ။
အလှတရားတွေ တသီတသန်းနဲ့ 
ပြောပြစရာ အံ့မခန်းစုံညီ
မြန်မာတို့ ရဲ့ မိခင် ဧရာဝတီကို
အမှန်တရားတွေ အလင်းဆောင်ပြတတ်သူ
ရဟန်း ပြည်သူတို့ ကို
ထောင်နံရံအထပ်ထပ်နဲ့ ဘောင်ခတ်တတ်သူတို့ က
မြစ်ကိုမြစ်လို့ မမြင်
အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးရှင်လို့  အသိမထား
တိုင်းတပါးသားတွေနဲ့ ပူးပေါင်း
လုပ်ကောင်း မလုပ်ကောင်းမစဉ်းစာချင်
ဒေါ်လာ($)မြင် အကျင့်ဆိုးတွေနဲ့ 
မြစ်ရိုးတလျှောက် မြစ်ပေါင်းဆုံရာ
ရေကာတာ တည်ဆောက်
ရသလောက် ဘနဖူးသိုက်တူးသူတို့ ကို
ဘယ်လိုယုံမှတ်လို့ 
သားတို့ ဘ၀ကို ပုံအပ်ရလဲ.မေမေ ။
ကြည့်စမ်းပါဦး..မေမေ
ရေချိုလင်းပိုင်တို့  ဘ၀များခမျာမှာလည်း
ပြဒါးရေထဲ မျက်ရည်ဝဲရင်း
သူတို့ မျိုးပျောက်မယ့် ကိန်းအတွက်
အသက်ရှုကျင်းကျင်းနဲ့  စောင့်စားရင်း
သားတို့ ဘ၀လိုပါပဲ မေမေရေယ်..။
အမေချစ်တဲ့..သား
သားချစ်တဲ့ မေမေရေ…
သားအဝေးကနေ
မေမေကျန်းမာစေကြောင်း..ဆုတောင်းရင်း
လက်ဖ၀ါးချင်း ယှဉ်ယှက် နဖူးထက် လက်တင်
ထိခြင်းငါးအင်ဖြင့် ၀တ်တွားရိုကျိုး
သားရှစ်ခိုးလိုက်ပါတယ်...
မေမေ ကျန်းမာပါစေ…။
မင်းတာရာ
၀၉-၃၀-၂၀၁၁
သား..ကြားပါတယ်..မေမေ
နှစ်ထောင့်ရှစ်အသားနဲ့ 
ဆွဲ ကျယ်ဥပဒေအရုပ်ကို
အောင်နိုင်သူပန်းအလံလုပ် ဝှေ့ ရမ်း
ထောင်နံရံအထူးအဆန်း ငရဲခန်းက
သေမင်းခေါ်သံ..
ကြားတယ်..မေမေ
သား.ကြားပါတယ်..မေမေ..။
အမေ
ဒါ အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်တာ
သားမှာက တိုင်းပြည်ကိုချစ်တာကလွဲလို့ 
လာဒ်ထိုးအပြစ်ရှောင်ဖို့ 
အဆောင်အယောင်နဲ့ ဥစ္စာဓန
နွမ်းပါးလှတဲ့ ကျောမွဲဘဝ
တိုင်းတပါးကိုတောင် ဒုက္ခသည်အဖြစ်နဲ့ ရောက်ရ
သူတို့ က
ကျောမချခင်ကတည်းက
ဒါးပြ မှန်း အတွေ့ အကြုံအရ သားတို့ သိခဲ့ရပြီးပါ အမေ…။
မေမေရယ်…
မေ့မေ့ကို လွမ်းလို့ ကျခဲ့ရ သားမျက်ရည်
ဧရာဝတီရေလို ခန်းပါစေတော့
သားနောက်တကျော့ ခါးကော့ ခေါင်းကွဲ
အသားရောင်မွဲပြာ ဖျော့တော့တော့ကျန်ရ
သမိုင်းထဲက အိုက်ခမန်းငရဲခန်းလိုမျိုးထဲ
တစ်ခါမက သေဖူးပြီး မို့ 
ပျဉ်ဖိုးတွက်ဖို့ တော့ ခွင့်ပြုပါ..မေမေ..။
လှမ်းကြည့်လိုက်စမ်း မေမေရယ်….
အသွေးအသက်နဲ့ ရင်းပြီး ယုံရအောင်က
ဟိုး….သုံးရိုးမနဲ့ 
တိုင်းရင်းသားနယ်မြေ ကျေးရွာတွေကို
ထိုးစစ်ကလည်း တိုးမြှင့်နေဆဲ ။
နှစ်ထောင်(၂၀၀၀) ကျော်
နိုင်ငံရေးအကျဉ်းတွေဘဝ
သတင်းစကားတောင် မေးဖို့ ခက်ခက်ခဲ ။
အလှတရားတွေ တသီတသန်းနဲ့ 
ပြောပြစရာ အံ့မခန်းစုံညီ
မြန်မာတို့ ရဲ့ မိခင် ဧရာဝတီကို
အမှန်တရားတွေ အလင်းဆောင်ပြတတ်သူ
ရဟန်း ပြည်သူတို့ ကို
ထောင်နံရံအထပ်ထပ်နဲ့ ဘောင်ခတ်တတ်သူတို့ က
မြစ်ကိုမြစ်လို့ မမြင်
အသက်သခင်ကျေးဇူးရှင်ကို ကျေးဇူးရှင်လို့  အသိမထား
တိုင်းတပါးသားတွေနဲ့ ပူးပေါင်း
လုပ်ကောင်း မလုပ်ကောင်းမစဉ်းစာချင်
ဒေါ်လာ($)မြင် အကျင့်ဆိုးတွေနဲ့ 
မြစ်ရိုးတလျှောက် မြစ်ပေါင်းဆုံရာ
ရေကာတာ တည်ဆောက်
ရသလောက် ဘနဖူးသိုက်တူးသူတို့ ကို
ဘယ်လိုယုံမှတ်လို့ 
သားတို့ ဘ၀ကို ပုံအပ်ရလဲ.မေမေ ။
ကြည့်စမ်းပါဦး..မေမေ
ရေချိုလင်းပိုင်တို့  ဘ၀များခမျာမှာလည်း
ပြဒါးရေထဲ မျက်ရည်ဝဲရင်း
သူတို့ မျိုးပျောက်မယ့် ကိန်းအတွက်
အသက်ရှုကျင်းကျင်းနဲ့  စောင့်စားရင်း
သားတို့ ဘ၀လိုပါပဲ မေမေရေယ်..။
အမေချစ်တဲ့..သား
သားချစ်တဲ့ မေမေရေ…
သားအဝေးကနေ
မေမေကျန်းမာစေကြောင်း..ဆုတောင်းရင်း
လက်ဖ၀ါးချင်း ယှဉ်ယှက် နဖူးထက် လက်တင်
ထိခြင်းငါးအင်ဖြင့် ၀တ်တွားရိုကျိုး
သားရှစ်ခိုးလိုက်ပါတယ်...
မေမေ ကျန်းမာပါစေ…။
မင်းတာရာ
၀၉-၃၀-၂၀၁၁
Saturday, September 24, 2011
ဓါတ်ပြားအဟောင်းထဲကလျှံထွက် ဒါကော်ပီအသစ်
မင်း တာရာ
24-9, 2011
ဟန်ပါပါ ယုံလောက်စရာ စကားတွေ
အဆံမပါသင်္ကြန်အမြောက်မျိုး
မိုးထိလျှံအောင် ကြွားဝါ
မျော်ကိုးစရာ ရွှေပြောင်ပြောင် အာစီယံဥက္ကဌပလ္လင် မို့ 
ဇွတ်တိုးထိုးလို့  အဓမ္မရိုက်သွင်း
ထူထောင်ခြင်းငြိမ်းချမ်ရေး လေတံခွန်
အပေါ်ယံ မီဒီယာမှာ ပျာယာပျာယာနဲ့ 
မာယာတွေ အစီအရီချဲ့ 
ပလီပလာအဓိပ္ပါယ်မဲ့ သူတို့ စကား
အရင့်လွန်ကြက်စားပြောင်း
မီးပုံထဲမှာ တဗြောင်းဗြောင်းပေါက်နေသလို...။
နောက်ကျော ဟက်တက်ပွင့်
ရှေ့ လက်နှစ်ဘက် ကိုးယိုးကားယားမြှောက်ထားရင်း
ဟန်ဆောင် ပန်ဆောင် မျက်နာပြောင်ပြောင်နဲ့ 
ကမ္ဘာ့မျက်နာစာမှာ
တရုပ်အော်ပရာထဲက မျက်နာမျိုးကို
ရိုးသား သယောင်ယောင် အကယ်ဒမီရှော့နဲ့ သရုပ်ဆောင်ပြ
အစစ်အမှန်က
မရှိဘူးလို့ ..တွန့် လိမ်မျက်နာအလီလီတွေနဲ့ 
၂၀၀၀ ကျော်နိုင်ငံရေးအကျဉ်းသားတွေ ပြန်အလွှတ်သေး
သုံးရိုးမနဲ့ နယ်စပ်ပြည်ခြား ငြိမ်းချမ်းမသွားသေး
ပြည်တွင်းပြည်ပအတိုက်အခံတွေနဲ့ 
စစ်မှန်တဲ့ဆွေးနွေးပွဲတွေဆီ မရောက်သေး
ရုပ်သေး ဒီအစိုးရ
ကလိမ်ကမာတွေ ကုဋေကုဋာ
မတည်လော်မာ သူတို့ စကား
သွပ်ချာပါဒ ရူးသွပ်နေသူတောင်
ယုံစားဖို့  ခက်ခဲခဲ….။
မိုး မခေါင်ပါပဲ ရေရှားနေရ
ကမ္ဘာ မီးမလောင်ပါပဲ သားကောင်ပမာငါတို့ ဘ၀တွေချ ချနင်းခံနေရ
မေခ မေလိခ နဲ့ မြစ်အပေါင်းစီးဆင်းပေါင်းဆုံတဲ့
မိခင်ဧရာ ရင်ခွင်ညှာမှာ
သမိုင်း-ဂန္တ၀င်မော်ကွန်း အလီလီထွန်းပြောင်ခဲ့ ကမ္ဘာကသိလည်း
ကျောက်ခဲအသဲ(သည်း)နဲ့ 
ဇီဝသတ္တတွေပျောက်ဆုံးမယ့်ကိန်း
ဖန်လုံအိမ်အာဏိသင်ဓါတ် ယိုစိမ့်ပေါက်ကွဲစေမယ့်ကိန်း
ကျွန်းပေါ် ချောင်းပျောက်ရတဲ့ ကိန်း
လယ်ယာ သစ်တောလည်း ပျက်စီးပျောက်ဆုံး
နောက်ဆုံး
မိခင်ဧရာကို အမှီထား
လုပ်ကိုင်စားသောက်သူ လူသားအပေါင်း
ဒုက္ခတွေ ထောင်းထောင်းထ(မွဲပြာပြီးရင်းမွဲပြာ)
အစိုးရဆိုသူတို့ ပေးတဲ့
အမွေဆိုးရစေမယ့် ရေကာတာတွေစီမံကိန်း ..
ဟော..ကြည့်
ပြည့် ဘဏ္ဍာတွေ သူတို့ အိပ်ကပ်ထဲရောက်ဖို့ 
မြင်မြင်သမျှတို့ ကို ရောင်းစား
ရေကာတာကထွက်တဲ့ လျှပ်စစ်အားကိုပြည်တွင်းသုံးဖို့ မချန်
ရောင်းရန်ကြံစည်
ပသိဆည် ဆွာချောင်းရေလှောင်တာမံ
ဖွင့်ပြန် ပိတ်ပြန် ပြုသမျှဒါဏ်
တောင်ငူတ၀ိုက် အလစ်အငိုက်မှာ ခံလိုက်ရပြန်(၀၉-၁၃-၁၁)
ဒါတွေ…သာဘာဝ လောကဓံမှ မဟုတ်တာ ။
24-9, 2011
ဟန်ပါပါ ယုံလောက်စရာ စကားတွေ
အဆံမပါသင်္ကြန်အမြောက်မျိုး
မိုးထိလျှံအောင် ကြွားဝါ
မျော်ကိုးစရာ ရွှေပြောင်ပြောင် အာစီယံဥက္ကဌပလ္လင် မို့ 
ဇွတ်တိုးထိုးလို့  အဓမ္မရိုက်သွင်း
ထူထောင်ခြင်းငြိမ်းချမ်ရေး လေတံခွန်
အပေါ်ယံ မီဒီယာမှာ ပျာယာပျာယာနဲ့ 
မာယာတွေ အစီအရီချဲ့ 
ပလီပလာအဓိပ္ပါယ်မဲ့ သူတို့ စကား
အရင့်လွန်ကြက်စားပြောင်း
မီးပုံထဲမှာ တဗြောင်းဗြောင်းပေါက်နေသလို...။
နောက်ကျော ဟက်တက်ပွင့်
ရှေ့ လက်နှစ်ဘက် ကိုးယိုးကားယားမြှောက်ထားရင်း
ဟန်ဆောင် ပန်ဆောင် မျက်နာပြောင်ပြောင်နဲ့ 
ကမ္ဘာ့မျက်နာစာမှာ
တရုပ်အော်ပရာထဲက မျက်နာမျိုးကို
ရိုးသား သယောင်ယောင် အကယ်ဒမီရှော့နဲ့ သရုပ်ဆောင်ပြ
အစစ်အမှန်က
မရှိဘူးလို့ ..တွန့် လိမ်မျက်နာအလီလီတွေနဲ့ 
၂၀၀၀ ကျော်နိုင်ငံရေးအကျဉ်းသားတွေ ပြန်အလွှတ်သေး
သုံးရိုးမနဲ့ နယ်စပ်ပြည်ခြား ငြိမ်းချမ်းမသွားသေး
ပြည်တွင်းပြည်ပအတိုက်အခံတွေနဲ့ 
စစ်မှန်တဲ့ဆွေးနွေးပွဲတွေဆီ မရောက်သေး
ရုပ်သေး ဒီအစိုးရ
ကလိမ်ကမာတွေ ကုဋေကုဋာ
မတည်လော်မာ သူတို့ စကား
သွပ်ချာပါဒ ရူးသွပ်နေသူတောင်
ယုံစားဖို့  ခက်ခဲခဲ….။
မိုး မခေါင်ပါပဲ ရေရှားနေရ
ကမ္ဘာ မီးမလောင်ပါပဲ သားကောင်ပမာငါတို့ ဘ၀တွေချ ချနင်းခံနေရ
မေခ မေလိခ နဲ့ မြစ်အပေါင်းစီးဆင်းပေါင်းဆုံတဲ့
မိခင်ဧရာ ရင်ခွင်ညှာမှာ
သမိုင်း-ဂန္တ၀င်မော်ကွန်း အလီလီထွန်းပြောင်ခဲ့ ကမ္ဘာကသိလည်း
ကျောက်ခဲအသဲ(သည်း)နဲ့ 
ဇီဝသတ္တတွေပျောက်ဆုံးမယ့်ကိန်း
ဖန်လုံအိမ်အာဏိသင်ဓါတ် ယိုစိမ့်ပေါက်ကွဲစေမယ့်ကိန်း
ကျွန်းပေါ် ချောင်းပျောက်ရတဲ့ ကိန်း
လယ်ယာ သစ်တောလည်း ပျက်စီးပျောက်ဆုံး
နောက်ဆုံး
မိခင်ဧရာကို အမှီထား
လုပ်ကိုင်စားသောက်သူ လူသားအပေါင်း
ဒုက္ခတွေ ထောင်းထောင်းထ(မွဲပြာပြီးရင်းမွဲပြာ)
အစိုးရဆိုသူတို့ ပေးတဲ့
အမွေဆိုးရစေမယ့် ရေကာတာတွေစီမံကိန်း ..
ဟော..ကြည့်
ပြည့် ဘဏ္ဍာတွေ သူတို့ အိပ်ကပ်ထဲရောက်ဖို့ 
မြင်မြင်သမျှတို့ ကို ရောင်းစား
ရေကာတာကထွက်တဲ့ လျှပ်စစ်အားကိုပြည်တွင်းသုံးဖို့ မချန်
ရောင်းရန်ကြံစည်
ပသိဆည် ဆွာချောင်းရေလှောင်တာမံ
ဖွင့်ပြန် ပိတ်ပြန် ပြုသမျှဒါဏ်
တောင်ငူတ၀ိုက် အလစ်အငိုက်မှာ ခံလိုက်ရပြန်(၀၉-၁၃-၁၁)
ဒါတွေ…သာဘာဝ လောကဓံမှ မဟုတ်တာ ။
Subscribe to:
Posts (Atom)